မင်္ဂလာပါ ဓမ္မရံသီမိသားစုမှ ကြိုဆိုပါတယ်။
logo
Location မိုးကုတ်၊ မန္တလေး၊ မုံရွာ၊ မူဆယ်၊ တောင်သာ၊
ရန်ကုန်၊ နေပြည်တော်
Courses Images

ဗုဒ္ဓရည်မှန်း မြတ်ပဌာန်း

စာရေးသူ: အရှင်ဇောတိသာရ (စဥ့်ကူး)

စာရှုသူ ယောဂီတို့လက်ထဲ ရောက်နေသော ဗုဒ္ဓရည်မှန်း မြတ်ပဌာန်း တရားတော် စာအုပ်မှာ ဒေသအသီးသီးတွင် ဘုန်းကြီးကြိမ်ဖန်များစွာဟောကြားခဲ့သည့် ပဠာန်းတရားတော်များမှ အနှစ်ချုပ်ရေးသားတင်ဆက်ထားခြင်းဖြစ်သည်။

Courses Images

သတိပဌာန် ၄ ပါးနှင့် အခြေခံဝိပသနာရှုပွားနည်း

စာရေးသူ: အရှင်ဇောတိသာရ (စဥ့်ကူး)

သာသနာတော်နှစ် (၂၅၄၅) ခု၊ ကောဇာသက်ကရာဇ် (၁၃၆၃) ခု ပထမ၀ါဆိုလဆန်း ၁၅ ရက် ဗုဒ်ဓဓမ်မစကြာတရား ဟောကြားတော်မူရာ အခါသမယ ၀ါဆိုလပြည့် နေ့ထူးရက်မြတ်မှာ စတင်ပြီးတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ် ၂ ရက်ကွက်၊ မြောက်ကုန်းရပ် ဓမ်မမေဒနီ ရွှေကျင်ကျောင်းတိုက်ကြီးအတွင်းမှာ ကျင်းပအပ်သော မိုးကုတ်ဝိပဿနာ (၁၀) ရက် အဓိဠာန် တရားစခန်းပွဲကြီးတွင် ညနေ ၄ နာရီမှ ၅ နာရီအတွင်း မိုးကုတ်မြို့ ဓမ်မရံသီရိပ်သာတွင် ဆရားတော်ဘုရား ဟောကြားတော်မူအပ်သော သတိပဌာန်လေးပါး အလုပ်သင်တရားတော်များ

Courses Images

ဗုဒ်ဓဘာသာ ငါးမျိုးနှင့် သစ်စာလေးပါး တရားတော်

စာရေးသူ: အရှင်ဇောတိသာရ (စဥ့်ကူး)

ယခု စာရှုသူတို့ ရှေ့မှောက်သို့ရောက်ရှိနေပြီး လေ့လာမှတ်သား ကုသိုလ်ပွားများနေကြသော ဗုဒ်ဓဘာသာ ငါးမျိုးနှင့် သစ်စာလေးပါး တရားတော် ကျမ်းစာမှာ မိုးကုတ်မြို့ ဓမ်မရံသီမိုးကုတ်ရိပ်သာ ဆရာတော်၏ ထင်ရှားသော တရားတွဲဖြစ်ပါသည်။ ဆရာတော်ဘုရား အနယ်နယ် အရပ်ရပ် တရားစခန်းများ တရားပွဲများတွင် ကြိမ်ဖန်များစွာဟောကြားတော်မူလေ့ရှိ၍ ယောဂီသာဝကများ အထူးနှစ်ခြိုက်ကြည်ညိုကြသော တရားတော်ဖြစ်ပါသည်။

Courses Images

ရွှေရတုတရားတော်များ စာစဉ် - ၁

စာရေးသူ: အရှင်ဇောတိသာရ (စဥ့်ကူး)

နိုင်ငံတော်သံဃာ့နာယကအဖွဲ့က ရွေးချယ်ဖွဲ့စည်းပေးသော နိုင်ငံတော်သီးခြား ၀ိနည်းဓိုရ် အဖွဲ့ ၁၂ ၏ မိုးကုတ်ဝိနစ်ဆယ
စာမြည်း။ ။ ပါရမီစကားးလည်း မပြောကြနဲ့ "သာဝကဥာဏ်အရာမှာ ပါရမီမလိုဘူး" လို့ တထစ်ချမှတ်လိုက်ကြ။ ဒီအချက်ဟာ ပေဋကောပဒေသပါဠိတော်မှာ အတိအလင်းဟောထားတာရှိတယ်။ သံသယဖြစ်ဖို့မလိုဘူး။

Courses Images

ရွှေရတုတရားတော်များ စာစဉ် - ၂

စာရေးသူ: ပန်းဒကာ ကိုတင်မြင့်

စာမြည်း။ ။ ဘုန်းကြီးတို့ ယောဂီတို့ ဘ၀သံသရာ တလျှောက်လုံးမဖြစ်ဘူးသေးတဲ့ကုသိုလ်ဆိုတာ ဘယ်ကုသိုလ်ကိုပြောတာတုန်း လို့မေးရင် "မဂ်ကုသိုလ်" ကိုပြောတယ်လို့ မှတ်စမ်းပါ။ မဂ်ကုသိုလ်ဆိုတာ ခန်ဓါဥာဏ်ရောက်တဲ့ ဖြစ်ပျက်မြင်တဲ့ သဘောတရားကိုပြောနေတယ်လို့ မှတ်ပါနော်။