မင်္ဂလာပါ ဓမ္မရံသီမိသားစုမှ ကြိုဆိုပါတယ်။
logo
Location မိုးကုတ်၊ မန္တလေး၊ မုံရွာ၊ မူဆယ်၊ တောင်သာ၊
ရန်ကုန်၊ နေပြည်တော်
Slide1
Slide2
Slide3

ဆရာတော်ဘဒ္ဒန္တသုနန္ဒ အရှင်သူမြတ်၏ ထေရုပတ္တိအကျဉ်းနှင့် သာသနာပြုဆိုင်ရာမှတ်တမ်း

BhoneBhonePhoto

၁။ မွေးဖွားရာဇာတိ – ဆရာတော်လောင်းလျာကို (၁၃၂၇)ခုနှစ်၊ ကဆုန်လပြည့်ကျော်(၆)ရက် (၂၁.၅.၁၉၆၅) သောကြာနေ့ နံနက်(၄း၃၀)နာရီတွင် ခမည်းတော် ဦးအောင်ကျော် + မယ်တော် ဒေါ်မြသောင်းတို့မှ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာတွင် မီးရှူးသန့်စင်ဖွားမြင်တော် မူသည်။ မွေးချင်းခြောက်ယောက်အနက် ပဉ္စမမြောက်သားရတနာ ဖြစ်သည်။ ငယ်မည်မှာ မောင်ကျော်သန်းဖြစ်သည်။


၂။ လောကဓါတ်ပညာသင်ယူမှု နှင့် အောင်မြင်မှု – သက်တော်(၅)နှစ် မှ (၁၄)နှစ်ထိ (၁၉၇၀ မှ ၁၉၇၉ ခုနှစ်ထိ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ အ.မ.က(၁) နှင့် အ.ထ.ကကျောင်း တို့တွင် သူငယ်တန်းမှ (၈)တန်း အောင်မြင်သည်အထိ ပညာသင်ယူပြီး မင်္ဂလာဗျူဟာနှင့် Y.M.B.A အသင်းကြီးမှ ကြီးမှူးကျင်းပသော မင်္ဂလာမောင်မယ်စာမေးပွဲ ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့ပါသည်။


၃။ သာသနာ့ဘောင်သို့ဝင်ရောက်ခြင်း – သက်တော်(၁၄) နှစ် အရွယ် (၁၉၇၉ မတ်လ ၁၈-ရက်နေ့တွင်) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်ဆရာတော် ဦးအာစိဏ္ဏကို ဥပဇ္ဈယ်ပြု၍ ရှင်သာမဏေပြုခဲ့ပါသည်။ ဗုဒ္ဓစာပေအခြေခံဆိုင်ရာ သဒ္ဒါ၊ သဂြိုဟ်၊ ဝိနည်း၊ အဘိဓမ္မာ သင်တန်းများကို သင်ယူခဲ့ပါသည်။


၎။ ပရိယတ္တိစာပေဆိုင်ရာ သင်ယူအောင်မြင်ခြင်း – သက်တော်(၁၆)နှစ်မှ (၁၈)နှစ် ထိ(၁၉၈၁ ခုနှစ် မှ ၁၉၈၃ခုနှစ်ထိ) ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့သီဟိုဠ်ပရိယတ္တိစာသင်တိုက် ...


Read More

တရားစာအုပ်များ

ဗုဒ္ဓရည်မှန်း မြတ်ပဌာန်း

စာရှုသူ ယောဂီတို့လက်ထဲ ရောက်နေသော ဗုဒ္ဓရည်မှန်း မြတ်ပဌာန်း တရားတော် စာအုပ်မှာ ဒေသအသီးသီးတွင် ဘုန်းကြီ...

Download

သတိပဌာန် ၄ ပါးနှင့် အခြေခံဝိပသနာရှုပွားနည်း

သာသနာတော်နှစ် (၂၅၄၅) ခု၊ ကောဇာသက်ကရာဇ် (၁၃၆၃) ခု ပထမ၀ါဆိုလဆန်း ၁၅ ရက် ဗုဒ်ဓဓမ်မစကြာတရား ဟောကြားတော်မ...

Download

ဗုဒ်ဓဘာသာ ငါးမျိုးနှင့် သစ်စာလေးပါး တရားတော်

ယခု စာရှုသူတို့ ရှေ့မှောက်သို့ရောက်ရှိနေပြီး လေ့လာမှတ်သား ကုသိုလ်ပွားများနေကြသော ဗုဒ်ဓဘာသာ ငါးမျိုးန...

Download

တရားတော်အသံဖိုင်များ

Kayanupatanar

လှုပ်ရှားဆောင်ရွက်မှုများ